Essential tools for online teaching

ခုလိုအချိန်ကာလမှာ Online သင်တန်းတွေလဲ ဖွင့်ချင်တယ်၊ အဲဒီ့အတွက် လိုအပ်တဲ့ software တွေကို သုံးဖို့လဲ အခက်အခဲဖြစ်နေတယ်ဆိုရင်တော့ အခုသင်တန်းကနေကူညီပေးသွားပါမယ်။
ဒီသင်တန်းမှာ Online သင်တန်းတစ်ခုဖွင့်မယ်ဆိုရင် မသုံးမဖြစ်လိုအပ်တဲ့ Video Conferencing software တစ်ခုဖြစ်တဲ့ Zoom software နဲ့ သင်ခန်းစာကို ရှင်းလင်းစွာသင်ကြားနိုင်ဖို့ အသုံးပြုရတဲ့ PowerPoint application software အသုံးပြုပုံတွေကို သင်ပြပေးမှာဖြစ်ပါတယ်။

Zoom Software ကို install လုပ်ပုံ မှအစ၊ သင်တန်း schedule လုပ် ခြင်း၊ သင်တန်းသားများအား ဖိတ်ခေါ်ခြင်း၊ zoom website settings များ setup လုပ်ခြင်း၊ slide များ၊ video များအသုံး ပြု၍ သင်ကြားခြင်း၊ အခန်းများခွဲ၍ အုပ်စုလိုက် ဆွေးနွေးခြင်း (Group Discussion) ပြုလုပ်ပုံ၊ စာသင်နေစဉ် record လုပ်ခြင်း၊ recording video အား ‌ရယူခြင်းနည်းများ နဲ့ မိမိရဲ့ class participants တွေကိုဘယ်လို manage လုပ်ရမလဲစတာတွေကိုပါသင်ပြပေးသွားမှာ ဖြစ်ပါတယ် ။

မိမိသင်ကြားမဲ့ဘာသာရပ်တွေအတွက် Presentation တစ်ခုကိုကောင်းမွန်ပိုင်နိုင်စွာဖန် တီးပြုလုပ်ပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ Presentation တွေတင်ဆက်နိုင်ဖို့အတွက်လဲ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

စာသင်ခန်းထဲ မှာသင်ကြားရတဲ့အတိုင်း ဆရာမများနှင့် အပြန်အလှန်ဆွေးနွေး မေးမြန်းနိုင်သော Live virtual classroom ဖြင့် သင်ကြားပေးမှာဖြစ်ပြီး မိမိကိုယ်တိုင်လက်တွေ့လုပ်ရမှာဖြစ်တဲ့အတွက် သင်တန်းပြီးဆုံးတဲ့အခါ Online Class တစ်ခုကို သေချာပိုင်နိုင်စွာ သင်ကြားနိုင်ဖို့အတွက် ဒီသင်တန်းက တာဝန်ယူပါတယ်။သင်တန်းကာလကိုလဲ ၈ရက်တည်းနဲ့ အပြီးသင်ကြားပေးသွားမှာဖြစ်လို့ ရက်တိုတိုနဲ့ ပညာရပ်တစ်ခုကို လေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းလေးကို join ကြည့်ပေးပါနော်။

- သင်တန်းစတင်မည့်ရက် - 13.12.2021
- သင်တန်းချိန် - 10:00 – 12:00 PM
- သင်တန်းကာလ - (13.12.2021 to 22.12.2021) Sat, Sun (off)
- သင်တန်းကြေး - 25,000 ကျပ် (Mobile banking ဖြင့်လဲပေးချေနိုင်ပါသည်)
- သင်ကြားမည့်စနစ် - Online (Zoom)
- လူဦးရေကန့်သတ်ထားပါသည်။
- သင်တန်းသားဟောင်းများအတွက် discount ရှိပါသည်။
- ဆက်သွယ်ရန်ဖုန်း - 09454793179, 09402560071, 09972135981
Page Messenger မှ တဆင့်လဲ စုံစမ်းနိုင်ပါသည်။

News Category: 

No.200, West Shwe Gon Taing 5th Street, Bahan Township, Yangon. Ph:01-703230, 01-503599, 09-73006404